ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ပေါက်ခေါင်းမြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် တည်‌ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပေါက်ခေါင်း      အောက်တိုဘာ      ၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အတူ ခရိုင်လမ်းဦးစီးမှူး၊ ခရိုင်ကျေးလက်လမ်းဦးစီးမှူး၊ ခရိုင်စီမံကိန်းဦးစီးမှူးပေါက်ခေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးဖြိုးသူမောင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးဇော်နှင့်အဖွဲ့ဝင်များသည် ပေါက်ခေါင်းမြို့ ရပ်ကွက်များနှင့်ကျေးရွာများ၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ကုန်ထုတ်လမ်း‌၊ရပ်ကွက်အတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများနှင့် အခြားတည်ဆောက်ရေးလုပ်ငန်းများအား ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်နေသည့် ပြည်ထောင်စု ခွင့်ပြုရန်ပုံ‌ငွေဖြင့် ဗောဓိကုန်းကျေးရွာတွင် အရှည် ၆၃၀၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မရှိသော ကျေးလက်ကုန်ထုတ်လမ်း မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းပြီးစီးမှု၊ ဆင်ဖြူကန်ကျေးရွာရှိ အရှည် ၃၆၇၄ ပေ ၊ အကျယ် ၁၂ ပေ၊ထု ၉ လက်မနှင့်တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ တင်ဒါအောင်မြင်သည့်ကုမ္ပဏီများက တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများ ပြီးစီးမှုနှင့်တောင်နဝင်းဆည် PK-1 မြောင်းပေါ်တွင် (၁၆'×၁၅'×၉') တံတားဆောက်လုပ်ခြင်းလုပ်ငန်း၊ ၂၀၂၂-၂၀၂၃ မြို့နယ်စည်ပင်ဘတ်ဂျက်ဖြင့် ဆောင်ရွက်နေသည့် မြို့ပေါ်ရပ်ကွက်လမ်းများတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်‌ နေမှုများနှင့်ညောင်ပင်အင်းကျေးရွာ အနောက်ဘက်ရှိရေနက်ကွင်းနေရာများကို ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများက ဆောင်ရွက်နေဆဲနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းပြောကြားတင်ပြရာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)