မိုးညိုမြို့နယ်တွင် လေဘေးသင့်နေအိမ်များမှ မိသားစုဝင်များအား ထောက်ပံ့ငွေပေးအပ်

မိုးညို အောက်တိုဘာ ၁

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက လေဘေးသင့်ခဲ့သောအိမ်ထောင်စုများမှ မိသားစုဝင်များအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးတွင် ယနေ့နံနက် ၉ နာရီက  ပြုလုပ်ခဲ့သည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် စက်တင်ဘာလ (၃၀) ရက်နေ့ကကျေးရွာအုပ်စု (၃)အုပ်စု၊ ကျေးရွာ(၃)ရွာတို့၌ ဖြစ်ပွားခဲ့သောလေဘေးမှ သစ်ပင်ပိ အမိုးပျက်စီးနေအိမ် (၁)လုံး၊ ပြိုလဲနေအိမ်(၃)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၃၅၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၄)စုရှိ လူဦးရေ (၁၃)ဦးတို့အတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ (၂၇၃၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၇၇၃၀၀/-) ကျပ်နှင့်ပြိုလဲနေအိမ်(၃)လုံးအတွက် ထောက်ပံ့ရေးပစ္စည်း (၁၇)မျိုး (ပလပ်စတစ်ပုံး)အပါ ၃အိမ်ထောင်စုစာတန်ဖိုးငွေ (၁၄၇၁၀၈/-)ကျပ်နှင့် ကတ္ထူပုံး (၃)ပုံးတို့အား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာရေးဝန်ထမ်းများနှင့်အတူ လေဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)