ပူတာအိုမြို့၌ အခြေခံစားသောက်ကုန်များဈေးနှုန်းချိုသာစွာဖြင့်ရောင်းချပေးလျက်ရှိ
Oct 03,2022
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့်ပူတာအိုတပ်နယ်မှ တာဝန်ရှိသူ များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဝေးလံခက်ခဲသည့် ဒေသတွင်တာဝန်ထမ်းဆောင်နေသော ခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန် ထမ်းများ အသား၊ ငါး၊ ကြက်ဥနှင့်ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံး နိုင်ရေးအတွက် အခြေခံ စားသောက်ကုန်များဈေးနှုန်း ချိုသာစွာဖြင့်ရောင်းချပေးခြင်းကို အောက်တိုဘာ(၃)ရက် နံနက်(၈)နာရီက ပူတာအိုခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့၌ ရောင်းချပေးလျက်ရှိသည်။