ပင်လောင်း အောက်တိုဘာ ၃
ရှမ်းပြည်နယ် တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးလုပ်ငန်းနှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့မစျေးနှင့် မင်းလမ်းမပေါ်တွင် အဖွဲ့သုံးဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
လမ်းသွား၊ လမ်းလာပြည်သူများနှင့် ဈေးရောင်း၊ ဈေးဝယ်ပြည်သူများ နေအိမ်မှ အပြင်သို့ ထွက်ခွာသည့် အချိန်တိုင်း၊ လူစည်ကားရာ နေရာများသို့ သွားလာသည့် အချိန်တိုင်း နှာခေါင်းစည်း (Mask)များစနစ်တကျ တပ်ဆင်ကြရန်၊ လက်ဆေးရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များကို လိုက်နာရန် အသိပေးနှိုးဆော်ခဲ့ကြောင်း၊ အဆိုပါ လုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အခြားသောဌာနဆိုင်ရာများနှင့် အဖြူရောင်လူငယ် လူမှုကူညီရေးအဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခွန်အာကာစိုး