မိုင်းဆတ်မြို့၌ နယ်လှည့်စာကြည့်တိုက်နှင့် အသိပညာပေး ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

မိုင်းဆတ် အောက်တိုဘာ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ယနေ့နံနက်(၉)နာရီခွဲက အ.မ.က(ဝိန်းနေ)ကျောင်းသို့ နယ်လှည့်စာကြည့်တိုက်နှင့် အသိပညာပေး ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ် က အနာဂတ်ကျောင်းသား၊ ကျောင်းသူများ လူကုန်ကူးခံရမှုမရှိစေရေး၊ ပြင်ပဗဟုသုတရရှိစေရေး၊ ပြည်သူ့နီတိနှင့် ဗလငါးတန်ဖွံ့ဖြိုးရေးတို့ကို အကျယ်တဝင့် အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ကိုဗစ်-၁၉ နှင့် လူကုန်ကူးမှု အသိပညာပေး နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဓာတ်ပုံများကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုပြီး သုတ၊ ရသ စာအုပ်စာစောင်များကို ငှားရမ်းဖတ်ရှုကြကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)