နတ်မောက် အောက်တိုဘာ ၃
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်ရှိ ကျေးလက်နေပြည်သူများမှ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် လျာထားချက် (၂၁၀၀၀) ဧကရှိပြီး ယခုအချိန်တွင် မိုးစပါးစိုက်ဧက (၂၁၇၃၆)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်၍ လျာထားချက်ထက်ကျော်လွန် စိုက်ပျိုးနိုင်ခဲ့ကြောင်း နတ်မောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
နတ်မောက်မြို့နယ်တွင် ဆင်းသုခစပါးအမျိုးအစားကို အဓိကထားစိုက်ပျိုးကြပြီး စပါးမျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်စိုက်ကွက် (၁၈၀)ဧကအား ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကွက်၊ စံပြကျေးရွာများကို ဖော်ဆောင်၍ စိုက်ပျိုးထားခြင်း၊ မျိုးစေ့ချကိရိယာနှင့် ကောက်စိုက်စက်ဖြင့် စနစ်တကျစိုက်ပျိုးခြင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက တောင်သူများ စားနပ်ရိက္ခာဖူလုံရေး၊ ဝင်ငွေများ တိုးပွားလာစေရေးနှင့် စိုက်ပျိုးထုတ်လုပ်မှု အရည်အသွေးကောင်းမွန်ကာ ပြည်ပစျေးကွက်များသို့ တိုးချဲ့လာနိုင်စေရန်အတွက် စိုက်ပျိုးရေးနည်းပညာများကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိသည်။ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးနိုင်မှုမှာ အစိုးရဆည်ငယ်ကန်ငယ်များဖြစ်သည့် နတ်မောက်ရေလှောင်တမံဆည်ရေသောက် ဧရိယာ(၅၄၉)ဧက၊ ကျောက်တံခါးဆည်ရေသောက်ဧရိယာ(၂၀၀၀)ဧက၊ ပင်းကန်ရေသောက်ဧရိယာ (၄၀၈)၊ ဆည်ငယ်ကန်ငယ်သောက်ဧရိယာ (၂၀၂၅)၊ မိုးရေသောက် (၁၆၇၅၄)ဧက စုစုပေါင်း (၂၁၇၃၆) စိုက်ပျိုးနိုင်၍ လျာထားဧကထက်ကျော်လွန်စိုက်ပျိုးနိုင်ကြောင်း သိရသည်။
လှဝင်း (ပြန်/ ဆက်)