ပူတာအို အောက်တိုဘာ ၃
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့်ပူတာအိုတပ်နယ်မှ တာဝန်ရှိသူ များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဝေးလံခက်ခဲသည့် ဒေသတွင်တာဝန်ထမ်းဆောင်နေသော ခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန် ထမ်းများ အသား၊ ငါး၊ ကြက်ဥနှင့်ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံး နိုင်ရေးအတွက် အခြေခံ စားသောက်ကုန်များဈေးနှုန်း ချိုသာစွာဖြင့်ရောင်းချပေးခြင်းကို အောက်တိုဘာ(၃)ရက် နံနက်(၈)နာရီက ပူတာအိုခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့၌ ရောင်းချပေးလျက်ရှိသည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် ပူတာအိုတပ်နယ်မှတာဝန်ရှိသူများက ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန် ထမ်းများအား ဆန်တစ်ပြည်လျှင်ငွေကျပ် ၁၄၀၀ကျပ်၊ ကြက်သား၊ ဝက်သား၊ အမဲသားတစ်ပိဿာ လျှင်ငွေကျပ် ၉၀၀၀ ကျပ်၊ ငါးခူတစ်ပိဿာလျှင်ငွေကျပ် ၆၀၀၀ကျပ်၊ သရက်သီးသေနတ် ၁၈၀၀ကျပ်၊ မာရွဘီစကစ် တစ်ထုပ်လျှင်ငွေကျပ် ၁၆၀၀ကျပ်၊ ကြက်ဥတစ်လုံးလျှင်ငွေကျပ် ၂၀၀ကျပ်၊ နာနတ်သီး တစ်လုံးလျှင်ငွေကျပ် ၇၀၀ကျပ်၊ခရမ်းသီးတစ်စည်း လျှင်ငွေကျပ် ၃၀၀ကျပ်၊ချဉ်ပေါင်ရွက်တစ်စည်း လျှင်ငွေကျပ် ၁၀၀ကျပ်၊ မုန်ညှင်းတစ်စည်းလျှင်ငွေကျပ် ၂၀၀ကျပ်၊ပဲသီး တစ်စည်းလျှင်ငွေကျပ် ၃၀၀ ကျပ်ဖြင့် ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဖုန်ကန်(ပူတာအို)