ဖျာပုံမြို့၌ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေး အသိပညာပေးဆောင်ရွက်ခြင်း နှင့် နှာခေါင်းစည်း  Maskများ အခမဲ့ဖြန့်ဝေ

ဖျာပုံ   အောက်တိုဘာ   ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင်ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့ပေါ်လူစည်ကားရာ နေရာများ၌ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန် Mask တပ်ဆင်ထားခြင်းမရှိသူ လမ်းသွားလမ်းလာပြည်သူများအား မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ ပြန်ရေးကော်မတီ က Mask Campaign ပြုလုပ်၍ Mask များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေး ဆောင်ရွက်ခြင်းကို အောက်တိုဘာလ(၃)ရက် နေ့နံနက်(၈)နာရီအချိန်ကဖျာပုံ မြို့ဒုတိယလမ်း မီးပွိုင့်ဒေါင့်နှင့် လူစည်ကားရာ နေရာများ၌ပြုလုပ်ကြသည်။

အဆိုပါ Mask Campaign ပြုလုပ်ရာတွင် ဖျာပုံမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့ နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းဦးနှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ် ဦးစီးဌာန၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များ ပါဝင်သော ပူးပေါင်း အဖွဲ့က ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရန်နှာခေါင်းစည်း Mask များဖြန့်ဝေပေးခြင်း နှင့်အသိပညာပေး နှိုးဆော်မှုများကို မြို့ပေါ်လူစည်ကားရာ နေရာများဖြစ်သော ဖျာပုံမြို့၊ ဒုတိယလမ်းမီးပွိုင့် ဒေါင့်နှင့်လူစည်ကားရာ နေရာများတွင် Mask တပ်ဆင်ထားခြင်း မရှိသူများအား၊ အသိ ပညာပေးဆောင်ရွက်ခြင်း နှင့်နှာခေါင်းစည်း Mask များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)