ငပုတော အောက်တိုဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ၀က်ဆူကျေးရွာအုပ်စုတွင် မြို့နယ်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁)တို့လိုက်ပါ၍ ယနေ့နံနက်၁ဝနာရီအချိန်ကဝက်ဆူကျေးရွာစာသင် ကျောင်း၌ကျင်းပသည်။
ဆွေးနွေးပွဲတွင် မြို့နယ်သီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြှင့်မား ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်သူက ဆွေးနွေးပြောကြားရာတွင် နွေးစပါး၊နေကြာ၊ ဆောင်းသီးနှံ လျာထားဧကများ အပြည့်အဝ စိုက်ပျိုးရေးနွေးစပါးစိုက်ရန် အခက်အခဲ့ရှိသည့်နေရာများတွင် စပါးသားတက် ဆင့်ပွားစိုက်ပျိုးနည်းအသုံးပြု၍ စိုက်ပျိုးရန်၊အတွေးအခေါ်နှင့် နည်းပညာများပြောင်းလဲကျင့် သုံးစိုက်ပျိုရန်ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားရေးကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးထွန်းမျိုးသန့်က ဆွေးနွေးပြောကြားရာတွင် သီးနှံစိုက်ပျိုးမှုနည်းပညာများ အကူအညီရယူ ဆောင်ရွက်ရန်၊ပိုးသတ်ဆေးများစနစ်တကျသုံးစွဲရန် စပါးသားတက်ဆင့်ပွား စိုက်ပျိုးနည်းဖြင့် စနစ်တကျဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်လယ်/စီ/အင်းဦးစီးဌာနလက် ထောက်ဦးစီးမှူးက ဆွေးနွေးပြောကြားရာတွင် လယ်ယာမြေဥပဒေနှင့်အညီ ပုစံ(၇) များထုတ်ပေးထားပြီး၊ ပုံစံ(၇.)ပါစည်းကမ်းများ အတိုင်း မြေလပ်မကျန်စိုက်ပျိုးရန်၊ ခွင့်ပြုချက်မရှိဘဲ၊ လယ်ယာမြေအား အခြားနည်းသုံးစွဲခြင်း မပြုလုပ် ရန်ဆွေးနွေးပြောကြားသည်။
ဆောင်းသီးနှံများစိုက်ပျိုးရေးအတွက် စိုက်ပျိုးဖြစ်ထွန်းမည်မြေနေရာ၊ ရွေးချယ်စုဖွဲ့စိုက်ပျိုးရေး၊ ဆီထွက်သီးနှံနေကြာစိုက်ပျိုးရေးအတွက် ပြန်ကြဲစိုက်ပျိုးခြင်းမပြုဘဲ တစ်ကွင်းတစ်စပ်တည်းစုဖွဲ့ စိုက်ပျိုးဆောင်ရွက်ရန်၊ စိုက်ပျိုးမည့်မြေနေရာများမြေဆီလွှာ စမ်းသပ်စစ်ဆေးဆောင်ရွက်ရမည် ဖြစ်ကြောင်းဆွေးနွေးပြောကြားသည်။
တက်ရောက်လာသော ဒေသခံတောင်သူများ၏ မေးမြန်းဆွေးနွေးမှုများအား မြို့နယ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ် မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့တို့မှလိုအပ်သည်များကိုပြန်လည်ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)