သန်လျင် အောက်တိုဘာ ၂
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် သန်လျင်မြို့နယ်မှ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြသော ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီတွင် သန်လျင်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ရတနာရှင်းသန့်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ကျောင်းသားကျောင်းသူလေးများကမြန်မာ့ကျောင်းသီချင်း သီဆို၍ အခမ်းအနားအားဖွင့်လှစ်သည်။ ဆက်လက်၍ ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်စောဦးက ဂုဏ်ပြုအမှာစကားပြောကြားပြီး သန်လျင်မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်အေးက တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့မှုများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှုးနှင့် ကျောင်းအုပ်ကြီးများက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြသည်။
သန်လျင်မြို့နယ်မှ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် (၄)ဘာသာနှင့်အထက်ဂုဏ်ထူးရှင်များအား ခရိုင်အဆင့်တွင် ဂုဏ်ပြုချီးမြှင့်ခဲ့ပြီးဖြစ်ရာ ယနေ့ကျင်းပသော မြို့နယ်အဆင့်တွင် သုံးဘာသာဂုဏ်ထူးရှင် (၁၁)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၂၆)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၁၈၂)ဦးတို့အား အခမ်းအနားအပြီးတွင် ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်းနှင့် ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)