ကော့မှူး အောက်တိုဘာ ၂
၂၀၂၂ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား/ကျောင်းသူ များအားဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်၁၁နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက်အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (ကော့မှူး) ကျောင်းခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဒေဝနှင့်အဖွဲ့ဝင်(၂)ဦးဝင်းမြင့်တို့က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးဒေါ်နုနုကြည်က မြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်း အောင်မြင်မှုဂုဏ်ထူးရရှိမှုအခြေအနေများအားရှင်းလင်းပြောကြားခဲ့သည်။ဆက်လက်၍ ကော့မှူးမြို့နယ်အတွင်းဂုဏ်ထူးဖြင့်ထူးချွန်စွာအောင်မြင်ခဲ့ကြသည့်ကျောင်းသား/ကျောင်းသူများအနက်(၃)ဘာသာဂုဏ်ထူးရရှိသူ(၉)ဦးအားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဒေဝကလည်းကောင်း၊နှစ်ဘာသာဂုဏ်ထူးရှင်(၁၅)ဦးအားအဖွဲ့ဝင်(၁) ဗိုလ်မှူးထွန်းဇော်မင်းကလည်းကောင်း၊တစ်ဘာသာဂုဏ်ထူးရှင်(၇၀)ဦးအားမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှလက်ထောက်ညွှန်ကြားရေးမှူး ဦးခိုင်ကြည်သာလှနှင့်တာဝန်ရှိသူ များကလည်းကောင်း၊ မြန်မာစာဂုဏ်ထူး ရရှိသောကျောင်းသား/ကျောင်းသူ(၄)ဦးအား ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့သယံဇာတ ရေးရာဝန်ကြီး သီရိသူဓမ္မမဏိဇောတဓရ ဦးဇော်ဝင်းကတစ်ဦးလျှင်နှစ်သောင်း ကျပ်ဆီကို (ကိုယ်စား) မြို့နယ်ပညာရေးမှူးဒေါ်နုနုကြည်ကချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ကျော်သူရ ကော့မှူး