ညောင်ဦးမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအမှတ်(၂)၊ ကျောင်းစုရပ်ကွက်အတွင်း ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်

ညောင်ဦး အောက်တိုဘာ  ၃

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အမှတ်(၅)၊အရန်မီးသတ်တပ်ဖွဲ့မှ ညောင်ဦးမြို့အတွင်း သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆေးဖျန်းခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ညောင်ဦးမြို့နယ် အမှတ်(၂)၊ ကျောင်းစုရပ်ကွက်အတွင်း ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း အမှတ်(၅)အရန် မီးသတ်တပ်ဖွဲ့ ဦးဖိုးသားထံက သိရသည်။

ညောင်ဦးမြို့အတွင်း မိုးရာသီအချိန် ပေါင်းမြက်များ တူထပ်စွာပေါက်ရောက်ပြီး ရပ်ကွက်နေပြည်သူများခြင်းကိုက်ခြင်းကြောင့် သွေးလွန် တုပ်ကွေးရောဂါမဖြစ်ပွားစေရန် အတွက်နှစ်စဉ်နှစ်တိုင်း အမှတ်(၅)၊အရန်မီးသတ်တပ်ဖွဲ့က လိုက်လံကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။ ခြင်းလောင်းသားပေါက် လောက်လောင်းကောင်များပေါက်ဖွားနိုင်သည့် ကားဝပ်ရှော့များ၊ ဆိုင်ကယ်ဝပ်ရှော့များရှိ မိုးရေဝင်ရောက်နေနိုင်သည့်တာယာ ကွင်းများအားဝင်ရောက်နေသည့်ရေများကို သွန်ပြစ်ခြင်း၊ ပေါင်းမြက်များတွင်ကပ်ညှိပေါက်ပွားနိုင်သည့် လောက်လောင်းကောင်များ အားဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ယနေ့တွင်လည်းအမှတ်(၂)၊ ကျောင်းစုရပ်ကွက်အတွင်း ခြင်ပေါက်ပွားနိုင်သည့်နေရာများ၊ ခြင်ခိုအောင်းနိုင်သည့်နေရာများအား ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများကို ဝက်ကြီးအင်းရပ်ကွက်အတွင်း တစ်အိမ်ဝင် တစ်အိမ်ထွက်၊ လမ်းကြိုလမ်းကြားမျကျန်ခြင် ဆေးဖျန်းခြင်းများညောင်ဦးမြို့၊ အမှတ်၅ အရန်မီးသတ် တပ်ဖွဲ့မှ ကူညီ၍ ခြင်ဆေးဖျန်းခြင်း များဆောင်ရွက်ပေးခဲ့ကြောင်း၊ ခြင်ဆေးဖျန်းလိုပါက အမှတ် (၅)အရန်မီးသတ်သို့အကူ အညီတောင်းခံနိုင်ကာ ၀၉၄၀၁၃၄၄၀၅၇ ၊၀၉၈၈၀၁၅၁၁၉၁၊ သို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။

ကိုကြေးမုံ