ကော့သောင်းခရိုင် (၁၀)မိုင် စိုက်ပျိုးရေးဥယျာဉ်ခြံတွင် ကညွတ်စိုက်ပျိုးခြင်းနည်းပညာပေးသင်တန်းနှင့် နေကြာသီးနှံကွင်းသရုပ်ပြပွဲ ကျင်းပ
Jan 23,2025
တနင်္သာရီတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန ကော့သောင်းခရိုင်၊ (၁၀)မိုင်စိုက်ပျိုးရေးဥယျာဉ်ခြံတွင် ကညွတ်စိုက်ပျိုးခြင်းနည်းပညာပေးသင်တန်းနှင့် နေကြာသီးနှံကွင်းသရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ကော့သောင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမြင့်ဇော်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦး သန့်ဇင်၊ မြေစာရင်းဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ဌာနဆိုင်ရာများ၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ (၇)မိုင်ကျေးရွာ၊ ဆယ်မိုင်ကျေးရွာ၊ ဘန်းကချွန်နှင့် မလိဝမ်းကျေးရွာမှ ရပ်မိရပ်ဖအကျိုးဆောင်တောင်သူများ၊ ကော့သောင်းမြို့ အမှတ်(၂) စိုက်ပျိုး၊ မွေးမြူရေးတွဲဖက်အထက်တန်းကျောင်းမှ စိုက်ပျိုး/မွေးမြူရေးဘာသာရပ် သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြသည်။