ရေတာရှည်မြို့နယ် အမှတ် (၄) ရပ်ကွက် အ.လ.က (ခွဲ) ကျောင်း၌ ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ

ရေတာရှည် ဇန်နဝါရီ ၂၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ အမှတ် (၄) ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ယနေ့နံနက် (၈) နာရီအချိန်က ပညာရေးစုံညီပွဲတော်ကို မြန်မာ့ကျောင်းသီးချင်းဖြင့် အခမ်းအနားဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မီမီအောင်မှ အဖွင့်အမှာစကားပြောကြားပြီး ပညာရေးစုံညီပွဲတော်ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားခဲ့သည်။ ဆက်လက်၍ ကျောင်းအဆင့် ပညာရည်ချွန်ပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ အားကစားပြိုင်ပွဲ စသည့်ပြိုင်ပွဲအသီးသီးမှဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ကျောင်းသား၊ ကျောင်းသူများက သီချင်းများ၊ တေးသရုပ်ဖော်များ၊ အကအလှများဖြင့် ဖျော်ဖြေပေးခဲ့ကြသည်။

အဆိုပါ ပညာရေးစုံညီပွဲတော်သို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများ၊ အခြေခံပညာကျောင်းအုပ်ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)