သတင်းများ

စာရေးဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရေးသားသည့် “သူ့ကျွန်မခံပြီ” စာအုပ်ပါအကြောင်းအရာများ ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ
Jan 22,2025
ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သင်တန်းခန်းမတွင် ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်၌ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်အရာထမ်း၊ အမှုထမ်းများက စာရေးဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရေးသားသည့် “သူ့ကျွန်မခံပြီ” စာအုပ်ပါအကြောင်းအရာများဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
လွိုင်လင်မြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး
Jan 22,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းကို ယနေ့မွန်းလွဲပိုင်းက ထင်းရှူးတော၊ သဘာဝတရားရိပ်သာရှိ မူလတန်းလွန်ကျောင်းသို့ သွားရောက်ဆောင်ရွက်ခဲ့သည်။                                                 
မြစ်သားမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်းရှိ အသက်(၁၈)နှစ်ထက် လူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူနိုင်ရေးအတွက်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
Jan 22,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်းရှိ အသက်(၁၈)နှစ်အထက် လူဦးရေစာရင်းမြေပြင်ကွင်းဆင်းကောက်ယူနိုင်ရေးအတွက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ချောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Jan 22,2025
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့တွင် အခြေခံပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ မြရိပ်ညိုခန်းမတွင် ကျင်းပခဲ့သည်။
လွိုင်လင်မြို့နယ်အတွင်း ကျေးလက်လမ်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး
Jan 22,2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ခုဘဏ္ဍာနှစ် ပြည်ထောင်စု/ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လွိုင်လင်-လွိုင်မုံမိုင်းလမ်း ကတ္တရာခင်းခြင်း (၀/၃.၂၂)မိုင်၊ ပင်လုံ-မက္ကန်းလန်းလမ်း ကျောက်ချောလမ်းခင်းခြင်း (၀/၇)မိုင်နှင့် ကောင်းမှုဂုဏ်စေတီမှ ပန်အွတ်ရွာသွားလမ်း ကျောက်ချောလမ်းခင်းခြင်း (၀/၅)မိုင် လမ်းခင်းခြင်းလုပ်ငန်းအား တာဝန်ရှိသူများမှ ယမန်နေ့က  ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထန်းတပင်မြို့နယ်၌ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဥ်းရောဂါဝေဒနာရှင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး
Jan 22,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏ အစီအစဥ်ဖြင့် မြို့နယ်အတွင်းရှိ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဥ်း ရောဂါဝေဒနာရှင်များအတွက် အပတ်စဥ် ဗုဒ္ဓဟူးနေ့ရက် နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ၊ လူနာစောင့်များနားနေဆောင်၌ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အခြေခံပညာမူလတန်းကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ
Jan 22,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲကို ယနေ့နံနက် (၉) နာရီခွဲအချိန်က အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပခဲ့သည်။
တပ်ကုန်းမြို့နယ် အနော်ရထာရပ်ကွက်အတွင်း ရာဂီမုန်တိုင်းအရှိန်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ဝက်များအစား နိုင်ငံတော်မှ ပြန်လည်ပေးအပ်
Jan 22,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် အနော်ရထာရပ်ကွက်အတွင်း အိမ်မွေးဝက်အချို့ ရာဂီမုန်တိုင်းအရှိန်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ဝက်များအစား နိုင်ငံတော်မှ ပြန်လည်ပေးအပ်ခြင်းကို ယမန်နေ့ညနေ ၄ နာရီက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ပိုင်ရှင်များထံ ပြန်လည်ပေးအပ်ခဲ့သည်။