ရေစီးရေလာကောင်းမွန်စေရန် မြစ်သားမြို့နယ်အတွင်းရှိ ရေဆိုးထုတ်မြောင်းများအား ပြုပြင်တူးဖော်ခြင်းလုပ်ငန်းများဆောင်ရွက်

မြစ်သား ဇန်နဝါရီ   ၂၃

မန္တ​လေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်း မိုးတွင်းကာလတွင် ရေကြီးရေလျှံမှုမဖြစ်ပေါ်‌စေရန်အတွက် ရေဆိုးထုတ်မြောင်း များအား လူအင်အား၊ စက်ယန္တရားများဖြင့် ရေဆိုးထုတ်မြောင်းများအား ရေစီးရေလာကောင်းမွန်‌စေရန် တူးဖော်‌ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရေဆိုးထုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းများကို မြစ်သားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်၏စီမံညွှန်ကြားမှုဖြင့် မြို့နယ်အတွင်း မင်းကုန်း ရပ်ကွက်ရှိ လမ်းမကြီးဘေးတစ်ဘက်တွင် ရေဆိုးထုတ်မြောင်း၏ ရေထွက်ပေါက် အရှည် ( ၆၇၈ )ပေရှိ၊ အကျယ် ( ၂ ) ပေ၊ အနက် ( ၂ )ပေရှိကြောင်း ဆောင်ရွက် ပြီးစီးပါက ကွန်ကရစ်‌ရေမြောင်းများ‌  ဆက်လက်တူးဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် သန့်ရှင်းသာယာလှပသောမြို့၊ ရွာများဖြစ်ပေါ်စေရန်အတွက် ရေဆိုးထုတ်မြောင်းများအား  စဉ်ဆက်မပြတ်တူးဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစိုးအောင်ထံမှ သိရသည်။

ဝင်းမင်းထွန်း (မြစ်သား)