လိပ်သို ဇန်နဝါရီ ၂၃
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ကျေးရွာများမှာ နှစ်ရှည်သီးနှံပင်ဖြစ်သော ကွမ်းသီးပင်များကို စီးပွားဖြစ် စိုက်ပျိုးထားကြရာ ဒေသထွက်ကွမ်းသီးခြောက်များ ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။
ဒေသခံများမှာ ကွမ်းသီးပင်များကို ရေသွင်းစနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ ကွမ်းသီးပင် များကို ရင့်မှည့်ချိန်ပေါ် မူတည်၍ တစ်နှစ်လျှင် (၃) ပြန် ခူးလေ့ရှိပြီး အခွံချွတ်/ နေလှန်းအခြောက် ပြုလုပ်ကာ ပြောင်ကြီး၊ ပြောင်နီ၊ ရွေးသီး၊ ကြက်ချေးသီး စသည်ဖြင့် အမျိုးအစား ခွဲထုတ် ရောင်းချကြသည်။
ကွမ်းသီးပင်စိုက်ပျိုးခြင်းဖြင့် နှစ်စဉ်ပုံမှန်ဝင်ငွေရရှိနိုင်ကြောင်း၊ ယခင်နှစ်က ကွမ်းသီးခြောက် တစ်ပိဿာလျှင် (၄၅၀ဝိ/-) ကျပ်သာ ရရှိခဲ့သော်လည်း ယခုနှစ်တွင် ကွမ်းသီးခြောက် တစ်ပိဿာလျှင် (၁၅၀၀ဝိ/-) ကျပ်အထိ ဈေးကောင်းရလျက်ရှိနေကြောင်း၊ ကွမ်းသီးအထွက် နှုန်းကျဆင်းခြင်း၊ မိုးတွင်းကွမ်းသီးအနု ခူးဆွတ်ရောင်းချခြင်းတို့ကြောင့် ကွမ်းသီးအခြောက်များ ဈေးနှုန်းမြင့်တက် ရရှိနေခြင်းဖြစ်ကြောင်း ကွမ်းသီးရောင်းဝယ်သူတစ်ဦးထံမှ သိရသည်။
ခင်လေးနွယ်