တနင်္သာရီမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော် ကန်တော့ပွဲ အစဉ်အလာမပျက်ကျင်းပ
Oct 03,2022
နှစ်စဉ် အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အဖြစ် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ပညာရေးမိသားစုမှ အငြိမ်းစားဆရာကြီး/ ဆရာမကြီးများအား ကွဲကွာနေသော ဆရာကြီး/ဆရာမကြီးများအချင်းချင်း၊ ဆရာနှင့် တပည့်ဟောင်းများရင်းနှီးစွာ ပြန်လည်ဆုံတွေ့နိုင်ရန်နှင့် တပည့်များက ဆရာသမားများအား တတ်နိုင်သမျှကျေးဇူးဆပ် ထောက်ပံ့ပေးရန်ရည်ရွယ်၍ ဝါဆိုသင်္ဃန်းကပ်လှူ ပူဇော်ပွဲနှင့် မြတ်ဆရာပူဇော်ကန် တော့ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမအတွင်း အစဉ်အလာမပျက် ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။