ဒဂုံတောင် အောက်တိုဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ယမန်နေ့ နေ့လယ်(၁၂:၀၀)အချိန်က သက်ကြီးစာပေပညာရှင်များအား ပူဇော်ကန့်တော့ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ ကန်တော့ခံ သက်ကြီးစာပေပညာရှင်(၁၇)ဦးတို့အား တစ်ဦးလျှင် ငွေသားကျပ်(၁)သိန်းနှင့် အလှူပစ္စည်း(၆)ထောင်ကျပ်စီအား မြို့နယ်စာရေးဆရာအသင်းမှ အလှူရှင်များကိုယ်စား စာပေပညါရှင်ကြီးများထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
ထို့သို့ သက်ကြီးပညာရှင်များအား ကန်တော့ရာတွင် ကန်တော့ခံစာပေပညာရှင်တစ်ဦးမှ မုဒိသာစကားပြန်လည်ပြောကြားပေးခဲ့ပြီး မြို့နယ်စာရေးဆရာအသင်းမှ လက်ဆယ်ဖြာထိပ်မှာမိုး၍ ရှစ်ခိုးကန်တော့ခဲ့ကြကြောင်းလည်း သိရသည်။ အဆိုပါ သက်ကြီးစာပေပညာရှင်များအား ပူဇော်ကန့်တော့ပွဲကို နှစ်စဉ်ကျင်းပပြုလုပ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ်စာရေးဆရာအသင်းမှ သတင်းရရှိသည်။
သက်မင်းဟန်(ဒဂုံတောင်)