ချောင်းသာ အောက်တိုဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် ငါးစားသောက် ကုန်များ ဝယ်ယူရရှိစေရန်နှင့် ရပ်ကွက်တွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုများ တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် ရွှေသောင်ယံမြို့ ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ရေထွက်ပစ္စည်းဝယ်ယူစု ဆောင်းသူလုပ်ငန်းရှင်များ စုပေါင်းပြီး ပြည်သူများထံသို့ ငါးမျိုးစုံအား ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူး ရောင်းချခြင်းကို ယမန်နေ့ နံနက် ၈ နာရီက ငါးလုပ်ငန်းဦးစီးဌာနရုံးရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ရောင်းချရာသို့ ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူး ဦးမြသိန်း၊ မြို့အုပ် ချုပ်ရေးမှူး ဦးသီဟအောင်၊ ရွှေသောင်ယံမြို့ငါးလုပ်ငန်းဦးဌာန ဦးစီးမှူး ဦးစန်းဝင်းနှင့် ဌာနဆိုင်ရာအဖွဲ့များ တက်ရောက်ခဲ့ကြပြီး ပြည်သူများလက်ဝယ်သို့ ငါးအချိန် (၇၄)ပိဿာအား ဖြန့်ဖြူးရောင်းချပေးခဲ့ကြသည်။
ကျော်ကျော်(ပြန်/ဆက်)