စမ်းချောင်း အောက်တိုဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပျံနှံ့မှု ကာကွယ်နိုင်ရေးအတွက် ပြည်သူများနေအိမ်မှပြင်ပသို့ ထွက်ခွာတိုင်း ပါးစပ်/ နှာခေါင်းစည်း(Mask)တပ်ဆင်ပြီးသွားလာကြရန် Mask Campaign ပြုလုပ်ခြင်း လုပ်ငန်းကို ယနေ့နံနက်ပိုင်းက လင်းလွန်း(တောင်) ရပ်ကွက်တွင် နှာခေါင်းစည်းများ ဖြန့်ဝေကာ Mask Campaign ပြုလုပ်၍ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ပြည်သူများ နှာခေါင်းစည်း Mask တပ်ဆင်ပြီးသွားလာကြရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အကြိမ်ပြည့်မှီအောင် ထိုးနှံကြရန်၊ လက်ကိုမကြာခဏ ဆေးကြောကြရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန်နှင့် လူစုလူဝေးရှောင်ရှားကြရန်တို့ကို အသိပညာပေးဆောင်ရွက်လျက်ရှိပြီး ဈေးရောင်း၊ ဈေး၀ယ်၊ လမ်းသွားလမ်းလာပြည်သူများကို Mask များ အခမဲ့ဖြန်ဝေပေးခြင်းနှင့် Mask Campaign ပြုလုပ်ခြင်းလုပ်ငန်းများကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့များ၊ မြို့နယ်ပြန်/ဆက်ဦးစီးဌာန၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းတို့ပူးပေါင်း၍ ပါးစပ်၊ နှာခေါင်းစည်း Mask များ တပ်ဆင်ပြီးသွားလာကြရန် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခင်ငြိမ်းချမ်းဝင်း