အောင်သစ္စာဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ နယ်လှည့် မူးယစ်ဆေးဝါးနံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်

မင်္ဂလာဒုံ အောက်တိုဘာ ၃

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းရပ်ကွက်၊ အပိုင်(၁၀)ရှိ အောင်သစ္စာဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ယနေ့နံနက်(၁၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မင်္ဂလာဒုံမြို့နယ်ရုံးဝန်ထမ်းများက နယ်လှည့်နံရံကပ်စာစောင်ပြပွဲကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ နယ်လှည့်မူးယစ်ဆေးဝါးနံရံကပ်ပြသခြင်း၏ရည်ရွယ်ချက်မှာ ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးသုံးစွဲမည်ဆိုပါက လမ်းမှားသို့ရောက်ရှိစေမည့်အပြင် အသက်အန္တရာယ် အတွက်ပါထိခိုက်နိုင်သည့်အတွက် မူးယစ်ဆေးဝါးမသုံးစွဲရေး အသိပညာပေးအဖြစ် ပြသခဲ့ကြောင်းနှင့် နံရံကပ်ပြပွဲသို့ ကျောင်းသား၊ ကျောင်းသူ (၁၀၀)ဦးခန့် ကြည့်ရှုလေ့လာခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီးအပါအဝင်ဆရာ၊ ဆရာမများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

မြတ်မွန်ခင် (မင်္ဂလာဒုံ)