ဝေါမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲနှင့် တူညီဝတ်စုံပေးအပ်ပွဲကျင်းပ

ဝေါ အောက်တိုဘာ ၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် မီးသတ်ဦးစီးဌာနတွင် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ၊ နိုင်ငံပိုင်ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှကာကွယ်ရေးနှင့် အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မီးသတ်စွမ်းရည်ထက်မြက်စေရန်အတွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲနှင့် တူညီဝတ်စုံပေးအပ်ပွဲကို အောက်တိုဘာ(၃ )ရက်နေ့နံနက်(၁၀)နာရီက ဝေါမြို့နယ်မီးသတ်ဦးစီးဌာနတွင် ကျင်းပခဲ့သည်။

အဆိုပါသင်တန်းဖွင့်ပွဲတွင် ဝေါမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသီဟထွန်းက သင်တန်းဖွင့် အမှာစကားပြောကြားပြီး ဝေါမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးသိန်းထွန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ သင်တန်းစည်းကမ်းများနှင့် သင်ကြားမည့်ဘာသာရပ်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် ဝေါမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသီဟထွန်းနှင့် အဖွဲ့ဝင်များက မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးဦးသိန်းထွန်းနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား တူညီဝတ်စုံများပေးအပ်ခဲ့သည်။ အဆိုပါအရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ) သင်တန်းကို ၃-၁၀-၂၀၂၂ မှ ၂၈-၁၀-၂၀၂၂ ရက်နေ့အထိ သင်တန်းသား(၅၀)ဦးအား သင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန် /ဆက်)