ပန်းတောင်းမြို့နယ်တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ပန်းတောင်း အောက်တိုဘာ ၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက်(၁၀:၀၀)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယအုပ်ချုပ်ရေးမှူးဦးချစ်ကိုကိုက မိမိတို့ရုံးဌာနများတွင် ရုံးပြင်၊ ရုံးတွင်း သန့်ရှင်းရေးပြုလုပ်ဆောင်ရွက်ရန်နှင့် ဌာနဆိုင်ရာများပူးပေါင်း၍ လုပ်ငန်းများဆောင်ရွက်ရမည်ဖြစ်သည့် လုပ်ငန်းများကို စနစ်တကျလုပ်ကိုင်ဆောင်ရွက်ရန်၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတို့တက်ဖို့ ပညာရေး၊ ကျန်းမာရေး၊ မွေးမြူရေး၊ စိုက်ပျိုးရေးကဏ္ဍများတွင်လည်း ဆောင်ရွက်နိုင်ရေး၊ လုံခြုံရေးနှင့်ပတ်သက်၍အထူးသတိပြုဆောင်ရွက်ရန်လိုအပ်ကြောင်း စသည်တို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက်တက်ရောက်လာသော ဌာနဆိုင်ရာများမှ မိမိတို့ဌာနအလိုက် လုပ်ဆောင်ရမည့် လုပ်ငန်းများကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

သင်းသင်းအေး(ပြန်/ဆက်)