မင်းလှမြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဖွင့်လှစ်ပို့ချ

မင်းလှ အောက်တိုဘာ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် မီးသတ်ဦးစီးဌာန၊ မီးသတ်စခန်းတွင် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက အရန်မီး သတ်တပ်ဖွဲ့ဝင်များ မီးငြိမ်းသတ်ရေးလုပ်ငန်းများကို ထိရောက်ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းဖွင့်ပွဲကို  ယနေ့နံနက် နာရီချိန်က ပြုလုပ်ခဲ့သည်။

ဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးထွဋ် က အမှာစကားပြောကြားပြီး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မိုးဝင်း က မီးသတ်ဦးစီးဌာနအနေဖြင့် ရည်မှန်းချက်တာဝန် ()ရပ် ချမှတ်ဆောင်ရွက်လျက်ရှိရာ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း ဖွင့်လှစ်ရခြင်းသည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အရေးကြုံလာပါက ပြည်သူများ၏ အသက်အိုးအိမ်၊ စည်းစိမ်များကာကွယ်ရန်၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သင်တန်းတတ်ရောက်မည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များကို ဝတ်စုံများပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းတွင် ရပ်ကွက်ကျေးရွာအုပ်စုများမှ မီးသတ်တပ်ဖွဲ့ဝင် (၅၀)ဦး တက်ရောက်ခဲ့ပြီး၊ အောက်တိုဘာ ရက်မှ ၂၈ ရက်နေ့ထိ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)