ကြံခင်းမြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

ကြံခင်း အောက်တိုဘာ 

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း အမှတ်စဉ်(/၂၀၂၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်()နာရီအချိန်က မြို့နယ်မီးသတ် ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်က အဖွင့်အမှာစကားပြောရာတွင် သင်တန်းသားများ အား ပြည်ထဲရေးဝန်ကြီးဌာန၏ မူဝါဒ()ချက်မှ လုပ်ငန်းစွမ်းရည်၊ လုံခြုံရေး စွမ်းရည်၊ စည်းရုံးရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်များ ထက်မြက်နေရန်နှင့် မီးသတ်တပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်ကြီး ()ရပ်အား သိရှိပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် ကူညီဆောင်ရွက်နိုင်ရေးအား ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်မီးသတ် ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးကိုကိုနိုင်မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြော ကြားသည်။

အဆိုပါ သင်တန်းကို ကြံခင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အရန်မီးသတ် သင်တန်းသား(၅၀)ဦး တက်ရောက်ကြကြောင်းနှင့် သင်တန်းကာလမှာ အောက်တိုဘာလ ()ရက်နေ့မှ (၂၈)ရက်နေ့အထိ ဖွင့်လှစ် သင်ကြားပေးမှာဖြစ်ပြီး မီးဘေးလုံခြုံရေး၊ ရှာဖွေကယ်ဆယ်ရေး၊ အခြေခံလက်နက်မဲ့စစ်ရေးနှင့် ရှေးဦးသူနာပြု စုခြင်း ဘာသာရပ်များအာ သင်ကြားပို့ချပေးမှာဖြစ်ကြောင်း သိသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊   မြို့နယ်မီးသတ်ဦးစီးဌာန  မြို့နယ်မီးသတ်ဦးစီးမှူး ဦးကိုကိုနိုင်နှင့် တာဝန်ရှိသူများ၊  မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီ အသင်းခွဲမှ တာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာများမှ အရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသားများ တက်ရောက် ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)