ဗန်းမော်မြို့တွင် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆောင်ရွက်

ဗန်းမော် အောက်တိုဘာ           

ကချင်ပြည်နယ်ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ အောက်တိုဘာ()ရက်နေ့တွင် ကျရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီး ရွယ်အိုများနေ့ အထိမ်းအမှတ် အဖြစ် အသိပညာပေး Talk Show ကို ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဗန်းမော်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေး Talk Show တွင် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဲစုမိုးက သက်ကြီးရွယ်အိုများနှင့် ပတ်သက်သည့် သတ်မှတ်ထားသည့် အသက်အပိုင်းအခြား၊ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေကို ပြဌာန်းခဲ့သည့် အချိန်ကာလ၊ ပြဌာန်းထားသည့်ဥပဒေများ၊ မိသားစုမရှိ သည့် ကြည့်ရှုစောင့်ရှောက်မှုပေးရန် လိုအပ်သည့် သက်ကြီးရွယ်အိုများအတွက် ဘိုးဘွားရိပ်သာက စီမံ ဆောင်ရွက်ပေးမှုများ၊ ဗန်းမော်မြို့၊ ပေါက်ကုန်းရပ်ကွက်ရှိ ဘိုးဘွားရိပ်သာ၏ ကြည့်ရှုစောင့်ရှောက်ပေးမှု အစီအစဉ်များနှင့် ဆက်သွယ်ရမည့်ဖုန်းနှင့် လိပ်စာများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်ပြည့်ပြီးသော အဘိုး၊ အဘွားများအတွက် လူမှုရေး ပင်စင်ပေးခြင်း အစီအစဉ်များနှင့် လူမှုရေးပင်စင်လျှောက်ထားရာတွင် လိုအပ်သည့်အချက်များကို မေးမြန်းခဲ့ရာ ဗန်းမော်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာဦးက သက်ကြီးရွယ်အို အဘိုးအဘွားများနှင့် သက်ဆိုင်သည့် အချက်အလက်များကို အကျယ်တဝင့် ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)