မရမ်းကုန်း စက်တင်ဘာ ၂၃
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ခွေးရူးပြန်ရောဂါနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ ယနေ့နံနက် ၁၀ နာရီက စာရေးဆရာမပေါက်ပေါက်နှင့် ကမ္ဘာ့ခွေးရူးပြန်ရောဂါနေ့ အထိမ်းအမှတ် Talk Show ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ Talk Show တွင် မရမ်းကုန်းမြို့နယ်ဦးစီးမှူးက Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာရေးဆရာမပေါက်ပေါက်က ကမ္ဘာ့ခွေးရူးပြန်ရောဂါနေ့သတ်မှတ်ခဲ့ပုံ၊ ခွေးရူးပြန်ရောဂါလက္ခဏာများအကြောင်း၊ ခွေးရူးနှင့်ခွေးကောင်းကွာခြားပုံ၊ ကာကွယ်ဆေးထိုးခြင်းဖြင့် ခွေးရူးပြန်ရောဂါဖြစ်ပွားမှုအား ကာကွယ်နိုင်ကြောင်းစသည်တို့ကို အသိပညာရရှိဖွယ် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အေးအေးအောင်(ပြန်/ဆက်)