ကွမ်းခြံကုန်းမြို့နယ်၌ လူမှုကူညီရေးအသင်းများအား PPE ဝတ်စုံနှင့် Level-2 ထောက်ပံ့ပေးအပ်ပွဲကျင်းပ

ကွမ်းခြံကုန်း   စက်တင်ဘာ  ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ကံကြီး/မကျီးရပ်ကွက်၊ မီးသတ်ဦးစီးဌာနရုံးတွင် လူမှုကူညီရေးအသင်းများအား PPE ဝတ်စုံနှင့် Level-2 ထောက်ပံပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ကကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးမှအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ကြက်ခြေနီအသင်းမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီပေးခဲ့သော မုဒိတာလူမှုကူညီရေးအသင်းနှင့် သဒ္ဒါဖြူလူမှုကူညီရေးအသင်းတို့အား တစ်သင်းလျှင် PPE ဝတ်စုံ(၁၀၀)နှင့် Level-2(၃၀)ထောက်ပံ့ပေးအပ်ခဲ့ရာ လူမှုကူညီရေးအသင်းများက အသီးသီးလက်ခံခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအသင်းများတက်ရောက်ခဲ့ကြောင်းသိရသည်။

ဆွေနွယ်(IPRD)