မြစ်သား စက်တင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်း နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားရေးဘဝဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သောစစ်ကြောင်းကြီး (၅) ကြောင်းနှင့်ဒေသခံပြည်သူများတွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြစ်သားမြို့နယ် ကင်းစိန်စျေးအရှေ့ကျေးရွာရှိ မင်္ဂလာရာမာစံဘုန်းတော်ကြီးကျောင်း ဓမ္မာရုံအတွင်း၌တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြိုု့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးဘိုဘိုအောင်က နိုင်ငံရေးအခြေ အနေ များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေးလုပ်ငန်းစဥ်(၅)ရပ်နှင့်ဦးတည်ချက်(၉)ရပ်တို့ကို အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာများကမိမိဌာနအလိုက် ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးပြီး ဒေသခံပြည်သူများဖြစ်သော ကင်းစိန်စျေးအရှေ့ကျေးရွာနေ ဦးတင်မြမှရေသောက်ပြွန်ရေမရသဖြင့် ပြန် လည်ပြန်ဆင်နိုင်ရေး၊ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကြည်မောင်မှ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးရရှိရေး ဆွေးနွေးတင်ပြရာ တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ကြသည်။ဆက်လက်၍မြို့နယ်လဝကဦးစီးမှူးဦးအောင်ကျော်မိုးမှမှတ်ပုံတင်နှင့်အိမ်ထောင်စုဇယားများပြုလုပ်ရာတွက် အခက်အခဲရှိပါက ယခုလိုတွေ့ဆုံပွဲများ၌ ဒေသခံပြည်သူများအနေနှင့်ကိုယ်တိုင်လာ ရောက်တွေ့ဆုံဆွေးနွေးနိုင်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို မြိုု့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များကပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးကာ မြို့နယ်မွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာနမှဒုကြီးကြပ်ရေးမှူး ဦးစိုးမင်းထွန်း မှကင်းစိန်စျေးကျေးရွာအုပ်စုအတွင်းရှိ နွားကောင်ရေ(၂၇)ကောင်အား ခွာနာ လျှာနာရောဂါကာကွယ်ဆေးများ အိမ်တိုင်ရာရောက် ထိုးနှံပေးခဲ့ကြောင်းသိရသည်။
သီတာအောင် (မြစ်သား)