ဒလမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့်မျိုးရိုးဗီဇကွဲ ရောဂါပိုးအသစ်များကူးစက်ခံရခြင်းမှ ကာကွယ်နိုင်ရန် လူစည်ကားရာလမ်းများတွင် ကလိုရင်းပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်

ဒလ   စက်တင်ဘာ   ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့်မျိုးရိုးဗီဇကွဲရောဂါပိုးအသစ်များ ကူးစက်ခံရခြင်းမှ ကာကွယ်နိုင်ရန် လူစည်ကားရာလမ်းများတွင် ကလိုရင်းပိုးသတ်ဆေးရည်များအား လိုက်လံဖျန်းပက်ခြင်းကို ယမန်နေ့(၉:၃၀)အချိန်မှစတင်၍ မီးသတ်ရေသယ်ယာဉ်ဖြင့် လူစည်ကားရာနေရာများ၊ လမ်မကြီးများ ရပ်ကွက်များအတွင်း ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

ထို့သို့ဆောင်ရွက်ရာတွင် ပြည်သူများအသွားအလာများသည့် ဒလ-တွံတေး ကားလမ်းမကြီးတစ်လျှောက်နှင့် ရပ်ကွက်များအတွင်း ကလိုရင်းဆေးရည်များဖြင့် ဖျန်းပက်ခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များအား Hand Speaker ဖြင့် အသိပေးနှိုးဆော်ပေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ကာကွယ်ဆေးဖြန်းခြင်းလုပ်ငန်းကို  မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့၏ လမ်းညွှန်မှုဖြင့်  မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇာနည်ထက်ဦးဆောင်ပြီး သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

သီတာဝင်း(ပြန်/ဆက်)