ဒလ စက်တင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် အောင်ဆန်း(တီဘီ)ဌာနမှ ဒေါက်တာဒေါ်စောနွဲ့နွဲ့မြင့်၊ နယ်လှည့်(တီဘီ)ရောဂါရှာဖွေရေးဌာနမှ ဒေါက်တာရန်ရှင်းအောင်နှင့် ကျန်းမာရေးဝန်ထမ်းများပူးပေါင်း၍ ဒလမြို့နယ် ညောင်းကုန်းကျေးလက်ကျန်းမာရေးရုံး၊ အံ့ကြီးအနောက်ရပ်ကွက်ရုံးတို့တွင် လာရောက်ဆေးကုသမှုခံယူသော ပြည်သူများအား တီဘီနှင့်အခြား အထွေထွေရောဂါများအား ယမန်နေ့နံနက်ပိုင်းအချိန်မှ စတင်ကာ(အခမဲ့ )ကွင်းဆင်း ဆေးကုသမှုများပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
အဆိုပါကွင်းဆင်းဆေးကုသပေးရာတွင် တီဘီရောဂါစစ်ဆေးပေးခြင်း၊ အဆုတ်၊ ရင်ခေါင်းတို့ကို ရွေ့လျားဓာတ်မှန်စက်ဖြင့် ဓာတ်မှန်ရိုက်ပေးခြင်း၊ သလိပ်စစ်ပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး သွေးတိုး၊ ဆီချိုးနှင့်အခြားအထွေထွေရောဂါများကိုလည်း စမ်းသပ်ကုသပေးခဲ့ကြောင်း သတင်းရရှိပါသည်။
ဒလ (ပြန် /ဆက်)