သတင်းများ

မဘိမ်းမြို့၌ အသက်(၅)နှစ်မှ(၉)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ဂျပန်ဦးနှောက် ရောင်ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေး
Sep 22,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ အသက်(၅)နှစ်မှ(၉)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မဘိမ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ (ဗန်းမော်)သို့ နည်းပညာတက္ကသိုလ်(ဗန်းမော်) အီလက် ထရောနစ် အင်ဂျင်နီယာဌာနမှ ကျောင်းသား၊ ကျောင်းသူများ လာရောက်ကွင်းဆင်းလေ့လာ
Sep 22,2022
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာတက္ကသိုလ် (ဗန်းမော်) အီလက်ထရောနစ် အင်ဂျင်နီယာဌာနမှ လက်ထောက်ကထိကနှင့် နည်းပြဆရာမ (၂)ဦး၊ ကျောင်းသား၊ ကျောင်းသူ(၃)ဦးတို့က ယနေ့ နံနက် ၉ နာရီက ကချင်ပြည်နယ် ဗန်းမော်မြို့ သာစည်ရပ်ကွက်ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ (ဗန်းမော်) ၏ ရုပ်သံဖမ်းယူထုတ်လွှင့်မှုလုပ်ငန်း အဆင့်ဆင့်အား လာရောက်ကွင်းဆင်းလေ့လာခဲ့ကြသည်။
နောင်ချိုမြို့နယ်တွင် Mask Campaignနှင့် အသိပညာပေး လုပ်ငန်းများပြုလုပ်ဆောင်ရွက်
Sep 22,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ကိုဗစ်-၁၉ရောဂါနှင့် မျိုးဗီဇပြောင်းရောဂါ ကြိုတင်ကာကွယ်ရေးအတွက်  ယနေ့ နံနက်(၈)နာရီ အချိန်ကMask Campaignနှင့် အသိပညာပေးလုပ်ငန်းများ
မိုင်းယန်းမြို့နယ်တွင် အိမ်ခြေ၊ အိမ်ထောင်စု လူဦးရေစာရင်းများ မြေပြင်တိုက်ဆိုင်စစ်ဆေး
Sep 22,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စု၊ နောင်ဟွိုင်ကျေးရွာရှိ အိမ်ခြေ၊ အိမ်ထောင်စု လူဦးရေစာရင်းများ မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်းကို စက်တင်ဘာ ၂၁ ရက်နေ့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဓနုဖြူမြို့နယ်တွင် စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူများပူးပေါင်း၍ ကွန်ကရစ်လမ်းသစ်ခင်းခြင်းဆောင်ရွက်
Sep 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အမှတ် (၁၇)ရပ်ကွက်၊ ငြိမ်းချမ်းရေးလမ်းတွင် စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူများပူးပေါင်း ၍ ကွန်ကရစ်လမ်းသစ်ခင်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ဟင်္သာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး Mask Campaign ပြုလုပ်
Sep 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် Mask Campaign နှင့် အသိပညာပေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က ဟင်္သာမြို့ရုံးကြီးရပ် မီးပွိုင့်လမ်းဆုံနှင့် ပဒေသာစျေးကြီးရှေ့နှင့် ဟင်္သာရုပ်အဝိုင်းတို့တွင် ဆောင်ရွက်ခဲ့သည်။
ဆင်ပေါင်ဝဲမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်
Sep 22,2022
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့က လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ မြို့နယ်တရားသူကြီး၊ မြို့နယ်ဥပဒေအရာရှိ၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး၊ မြို့မစခန်းမှူး၊ ပြန်/ ဆက်ဦးစီးဌာန ဦးစီးအရာရှိ၊ ဒုတိယမြို့နယ်ပညာရေးမှူး၊ မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသားကျောင်းသူ စုစုပေါင်း(၃၅၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။
ဘိုကလေးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနနှင့် ငါးမွေးကန်လုပ်ငန်းရှင်များ ပူးပေါင်း၍ ဈေးနှုန်းချိုသာစွာဖြင့် ငါးရောင်းချပေး
Sep 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနနှင့် ဒေသတွင်းမှ ငါးမွေးကန် လုပ်ငန်းရှင်များ ပူးပေါင်းကာ ပြည်သူများ ငါးရိက္ခာဖူလုံစေရေးနှင့် ဒေသခံလုပ်သား ပြည်သူများ စားဝတ်နေရေး ချောင်ချိသက်သာစေရေးအတွက် ရည်ရွယ်ကာ ယနေ့ နံနက်(၇) နာရီတွင် ဘိုကလေးမြို့၊ စံပြဈေးအနီးတွင် ဈေးနှုန်းချိုသာစွာဖြင့် ငါးများရောင်းချပေးခဲ့သည်။