သတင်းများ

ရွှေဘိုမြို့၌ ၂၀၂၂-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြင့်ပွဲအခမ်းအနား ကျင်းပ
Sep 23,2022
စစ်ကိုင်းတိုင်းဒေသကြီး ​ရွှေဘိုခရိုင်​ရွှေဘိုမြို့ အမှတ်(၂)အ​ခြေခံပညာအထက်တန်း​ကျောင်း​ရွှေရတုခန်းမ၌ ၂၀၂၂-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို
ရေးမြို့နယ်၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပ
Sep 23,2022
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာနေ့ အထိမ်း အမှတ်အဖြစ် "ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို မွန်ပြည်နယ်၊ ရေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟို ဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်က ကျင်းပခဲ့သည်။
ခန္တီးမြို့တွင် ကလေးအလုပ်သမားပပျောက်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်ပေး ပိုစတာဆိုက်ထူ
Sep 23,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ယမန်နေ့နံနက် (၁၁) နာရီအချိန်က ကလေးသူငယ်များ အဆိုးရွားဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်းမှ ပပျောက်ရေးအတွက် ကလေးအလုပ် သမားပပျောက်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်ပေး (၁၆' x ၆.၅') ပိုစတာအား ဗိုလ်ချုပ်ကြေးရုပ် လမ်းဆုံတွင် ဆိုက်ထူခဲ့ကြသည်။
တမူးမြို့တွင် "ကလေးအလုပ်သမားပပျောက်ရေး ပူးပေါင်းကာကွယ် စောင့်ရှောက်ပေး" မြေစိုက်ပိုစတာစိုက်ထူ
Sep 23,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ ဗိုလ်ချုပ်လမ်းမပေါ်ရှိ လွက်လပ်ရေး ပန်းခြံရှေ့တွင် ယမန်နေ့ မွန်းလွဲ (၁၂) နာရီခွဲအချိန်က "ကလေးအလုပ်သမားပပျောက်ရေး ပူးပေါင်းကာကွယ် စောင့်ရှောက်ပေး" မြေစိုက်ပိုစတာ စိုက်ထူခဲ့ကြောင်း သိရသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန ရေးမြို့နယ်အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်/စာစောင်များပြသ
Sep 23,2022
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ရေးမြို့နယ် အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာကျောင်း၊ သင်တန်းခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲ၊ နံရံစာစောင်နှင့် စာအုပ်/ စာစောင်များကိုပြသခဲ့သည်။
မြန်အောင်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ အခြေခံပညာမူလတန်းကျောင်းများတွင် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲများ ကျင်းပ
Sep 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ် ကင်းရှင်းရေး အသိပညာပေးဟော ပြောပွဲများကို အခြေခံပညာမူလတန်းကျောင်းများတွင်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က မြန်အောင်မြို့နယ် အ.မ.က မြို့မတဲကြီးကုန်းကျောင်းနှင့် မာလကာကုန်းကျောင်းတို့၌ ကျောင်းသား/ကျောင်းသူ(၂၇၁)ဦးတို့အား အသိပညာ ပေးဟောပြောပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်
Sep 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မော်လိုက်မြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ပိုစတာစိုက်ထူ
Sep 23,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ပိုစတာစိုက်ထူခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီက လူစည်ကားရာ မြို့တွင်းနာရီစင် လမ်းဆုံအနီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။