နောင်ချို စက်တင်ဘာ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ကိုဗစ်-၁၉ရောဂါနှင့် မျိုးဗီဇပြောင်းရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ယနေ့ နံနက်(၈)နာရီ အချိန်ကMask Campaignနှင့် အသိပညာပေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ Mask Campaignနှင့် အသိပညာပေး လုပ်ငန်းများပြုလုပ်ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများ၊ ခရီးသွား ပြည်သူများနှင့် ဈေးရောင်းဈေးဝယ်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း၊ ဈေးရောင်း၊ ဈေးဝယ် ပြုလုပ်သည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကိုစနစ်တကျ တပ်ဆင်သည့် အလေ့အကျင့်ကောင်းများကို ဆက်လက်လိုက်နာကျင့်သုံး စေရေးအတွက် လူစည်ကားရာနေရာများဖြစ်သည့် မြို့မဈေးထောင့်နေရာများ၊ မီးပွိုင့်ထောင့်လမ်းဆုံ၊ ဈေးအတွင်းရှိ ဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများနှင့် ဈေးရောင်း၊ဈေးဝယ် ပြုလုပ်နေကြသူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ နေထိုင်စေရေး အသိပညာပေးခြင်း၊ ကိုဗစ်-၁၉ရောဂါ သတိပြုပါ စတစ်ကာများကပ်ပေးခြင်း၊ နှာခေါင်းစည်း (Mask) အခုရေ(၁၈၀၀)အား ဖြန့်ဝေပေးခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထွေးငယ်(နောင်ချို၊ပြန်/ဆက်)