မိုင်းယန်း စက်တင်ဘာ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စု၊ နောင်ဟွိုင်ကျေးရွာရှိ အိမ်ခြေ၊ အိမ်ထောင်စု လူဦးရေစာရင်းများ မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်းကို စက်တင်ဘာ ၂၁ ရက်နေ့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ဆိုင်စစ်ဆေးရာတွင် မိုင်းယန်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟော၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတို့က နောင်ဟွိုင်ကျေးရွာရှိ အိမ်ခြေ၊ အိမ်ထောင်စု လူဦးရေစာရင်းများ မှန်ကန်မှုရှိစေရေး မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)