ဖျာပုံမြို့၌ လူငယ်အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင် ပြသဆောင်ရွက်
Sep 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖျာပုံမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ဥာဏ၊စာရိတ္တဖွံ့ ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို စက်တင်ဘာလ(၂၂)ရက်နေ့ နံနက်(၁၁)နာရီ အချိန်က ဖျာပုံမြို့နယ်၊ ဖျာပုံတမံကျေးရွာ အ.ထ.က ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။