သာပေါင်းမြို့နယ်တွင် ပုသိမ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်‌ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

သာပေါင်း စက်တင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ပြည်အေးခန်းမ၌ ပုသိမ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကျေး အုပ်ချုပ်‌ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်က ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းကိုကို၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး စောအောင်သိုက်၊ အဖွဲ့ဝင်(၃) ခရိုင်လဝကမှူး ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မြင့်တို့မှ လုံခြုံရေးကိစ္စရပ်များ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကိစ္စရပ်များ၊ Covid-19 ကာကွယ်ရေး လုပ်ငန်းများ၊ မြို့သန့်ရှင်းသာယာရေးလုပ်ငန်းများ၊ နေကြာ စိုက်ပျိုးရေးအတွက် မျိုးစုဆောင်းရေး ကြိုတင်ဆောင်ရွက်ရန်၊ ကြွပ်ကြွပ်အိပ်မသုံးစွဲရေး လိုက်နာဆောင်ရွက်ရန်၊ ရုံးလုံခြုံရေး၊ မိုင်းအသိမိုင်းသတိရှိရန်တို့ကို ဆွေးနွေးမှာကြားပြီး သက်ဆိုင်ရာ ကဏ္ဍအလိုက် ဌာနဆိုင်ရာများက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း

သာပေါင်း (ပြန်/ဆက်)