ကော့ကရိတ် စက်တင်ဘာ ၂၁
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အမှတ်(၆)အခြေခံပညာမူလွန်ကျောင်း ဆရာ/ဆရာမများနှင့်ပူးပေါင်း၍ ကျောင်းသူကျောင်းသားများ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စိတ်ရွှင်လန်းရေးနှင့် ဥာဏ်ရည်ဥာဏ်သွေးများ ထက်မြက်လာစေရေးအတွက်ရည်ရွယ်၍ PhysicalFitnessသင်တန်းကို ယမန်နေ့ညနေ ၂နာရီချိန်က အဆိုပါကျောင်းဝင်းတွင် သင်ကြားပေးခဲ့ကြောင်း သိရသည်။
ထိုသို့သင်ကြားပေးရာတွင် ကေ့ာကရိတ်မြို့နယ် အားကစားမှူးဒေါ်အေးအေးအောင်မှ hysical Fitness သင်တန်းနည်းပြအဖြစ် ကျောင်းသူကျောင်းသား (၁၀၀)ခန့်အား (၁၅)ရက်ကြာ သင်ကြားပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)