သတင်းများ

မိုင်းလုံမြို့  လူထုအခြေပြုဗဟိုဌာန( Community Center) ခန်းမတွင် စာလုံး‌ပေါင်းသတ်ပုံ အမှန် ရွေးချယ်ပြိုင်ပွဲကျင်းပ
Sep 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကလေးငယ်များ စာရေးသားရာတွင် စာလုံး‌ပေါင်းသတ်ပုံအမှား/အမှန် ခွဲခြားတက်စေရန် စာလုံးပေါင်းသတ်ပုံ အမှန်ရွေးချယ်ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီခွဲအချိန်ခန့်က
(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်ပြိုင်ပွဲတွင် ရေတာရှည်မြို့နယ်မှ ရွှေတံဆိပ် ၇ ဆု၊ ငွေတံဆိပ် ၂ ဆုရရှိ
Sep 21,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်မှ  ၂၀၂၂ ခုနှစ်၊ (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာ ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ တိုင်းဒေသကြီး/ပြည်နယ်အဆင့်ပြိုင်ပွဲတွင် ဆုရရှိခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရေတာရှည်မြို့နယ်ခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဥက္ကာသန်းနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာ/ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများတက်ရောက်ခဲ့ကြသည်။
ကျောက်ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့မစည်ပင်သာယာဈေးအနီးတွင် Mask Campaign ပြုလုပ်
Sep 21,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ် ချုပ်ရေးမှူးနှင့်ဝန်ထမ်းများသည်၊ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးတို့အတွက်၊ ပါးစပ်နှင့်နှာခေါင်းစည်း Mask များအခမဲ့ဝေငှခြင်းနှင့် အသိပညာပေးခြင်းများကို ယနေ့နံနက်၇နာရီခွဲအချိန်က မြို့မစည်ပင်သာယာဈေးအနီးတွင် ဆောင်ရွက်ခဲ့ကြောင်းသိရ သည်။
ကျိုင်းတုံမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေး အသိပညာပေး ဟောပြော
Sep 21,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ သဘာဝဘေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ကျော်ဇေယျာသီရိခန်းမတွင် ကျင်းပသည်။
ကျောက်ပန်းတောင်းတပ်နယ်မှ ပြည်သူများအတွက် စားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေး
Sep 21,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် ကျောက်ပန်းတောင်းတပ်နယ် မိသားစုများမှ ပြည်သူများအတွက် စားသောက်ကုန်ပစ္စည်းများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက် (၆) နာရီခွဲက မြို့မစည်ပင်သာယာဈေးအနောက်ဘက်၊ ဈေးကွက်သစ် ရပ်ကွက်ရှိ မြို့မရဲစခန်းရှေ့တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။
မင်းပြားမြို့နယ် ဒေသဖွံ့ဖြိုးရေး ၂၀၂၃-၂၀၂၄ စီမံကိန်းလျာထားချက် ဆွေးနွေးပွဲ ကျင်းပ
Sep 21,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၏ ဒေသဖွံ့ဖြိုးရေးအတွက် ၂၀၂၃-၂၀၂၄ စီမံကိန်းလျာထားချက်ဆွေးနွေးပွဲကို စက်တင်ဘာလ ၁၉ ရက်နေ့က မင်းပြားမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ခမောက်ကြီးမြို့တွင် မိုးရာသီကျောင်းကောင်စီ ဘောလုံးပြိုင်ပွဲဆုချီးမြှင့်ခြင်း အခမ်းအနားပြုလုပ်
Sep 21,2022
ခမောက်ကြီးမြို့၊ အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်းတွင်  စက်တင်ဘာ(၄) ရက်နေ့က ဖွင့်ပွဲပြုလုပ်၍ ယှဉ်ပြိုင်ကစားလျက်ရှိသော မိုးရာသီကျောင်းကောင်စီ ဘောလုံးအားကစားပြိုင်ပွဲ၏ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားခြင်းနှင့်ဆုချီးမြှင့်ခြင်းကို ယမန်နေ့က အခမ်း အနား ပြုလုပ်ကျင်းပခဲ့သည်။
လှိုင်းဘွဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်မှုမရှိစေရေးအတွက် အသိပညာပေးခြင်းနှင့် Mask Campaign စုပေါင်းဆောင်ရွက်
Sep 21,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့၊ (ဃ)ရပ်ကွက်၊ ကုန်သည်လမ်း၊ စည်ပင်သာယာ မြို့မဈေးရှေ့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်မှုမရှိစေရေးအတွက် နေအိမ်ပြင်ပထွက်ခွာသွားလာကြသူများအနေဖြင့် နှာခေါင်းစည်း Mask တပ်ဆင်၍ သွားလာကြရန် အသိပညာပေးပြောကြားပေးခြင်းနှင့်   Mask Campaign ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီ အချိန်က ဌာနဆိုင်ရာများ စုပေါင်းပြုလုပ်ခဲ့ကြောင်း သိရှိရသည်။