မင်းပြားမြို့နယ် ဒေသဖွံ့ဖြိုးရေး ၂၀၂၃-၂၀၂၄ စီမံကိန်းလျာထားချက် ဆွေးနွေးပွဲ ကျင်းပ

မင်းပြား စက်တင်ဘာ ၂၁

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၏ ဒေသဖွံ့ဖြိုးရေးအတွက် ၂၀၂၃-၂၀၂၄ စီမံကိန်းလျာထားချက်ဆွေးနွေးပွဲကို စက်တင်ဘာလ ၁၉ ရက်နေ့က မင်းပြားမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မင်းပြားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးစိုးမိုးက အဖွင့် အမှာစကား ပြောကြားသည်။ ဆက်လက်ပြီး မင်းပြားမြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ရွေဇံက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသဖွံ့ဖြိုးရေးအတွက် စီမံကိန်းလျာထားတောင်းဆိုချက်များအား ယှဉ်တွဲ ရှင်းလင်းတင်ပြသည်။

ဆက်လက်ပြီး ဌာနဆိုင်ရာများ၊ ဌာနအလိုက်၂၀၂၃-၂၀၂၄ စီမံကိန်းလျာထားအဆိုပြုလွှာများအား အသီးသီးတင်ပြရာ မင်းပြားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥကဋ္ဌ၊ မြို့နယ်စီမံကိန်း ရေးဆွဲရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဌာနဆိုင်ရာများက စီမံကိန်းအား အဓိကဦးစားပေး အလိုက် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးကြကြောင်း သိရသည်။

သိန်းနုအောင်