သတင်းများ

ကြည့်မြင်တိုင်မြို့နယ်၌ ကိုဗစ်-၁၉​ ရောဂါ ကာကွယ်​ရေး အသိပညာ​ပေးခြင်းနှင့် နှာ​ခေါင်းစည်း Mask များ အခမဲ့ဖြန့်​ဝေခြင်း ​ဆောင်ရွက်
Sep 21,2022
ကိုဗစ်-၁၉ ရောဂါမျိုးဆက်သစ် အိုမီခရွန်​ရောဂါဖြစ်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်​ရေးအတွက် အသိပညာ​ပေးခြင်းနှင့် နှာ​ခေါင်းစည်းများအခမဲ့ဖြန့်​ဝေခြင်းများကို ဆောင်ရွက်လျက်ရှိရာ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် စျေးက​လေးရပ်ကွက်၊ စျေးကလေး(၅)လမ်းတွင် ယ​မန်နေ့နံနက်ပိုင်းက နှာ​ခေါင်းစည်းများ အခမဲ့ဖြန့်​ဝေခြင်းနှင့် ပြည်သူအသိပညာ​ပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ​ကြောင်း သိရသည်။
ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင်စာဖတ်ဝိုင်းဆောင်ရွက်
Sep 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ထုတ်ဝေသည့် နိုင်ငံဝန်ထမ်းနည်းဥပဒေများ စာအုပ်ဖြင့်  စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်မဲခရိုင် ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း
ဒဂုံမြို့နယ်တွင် ပြည်သူများလက်ဝယ်အရောက် ဆန်၊ ဆီ၊ ကြက်ဥများအား သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ဖြန့်ဖြူးရောင်းချ
Sep 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ ယမန်နေ့နံနက် ၈ နာရီက ပြည်လမ်းအနောက်ရပ်ကွက်၊ ရန်ကုန်ကလေးဆေးရုံဝန်းအတွင်းတွင် ဆန်၊ ဆီ၊ ကြက်ဥများအား ညွှန်ကြားချက်များနှင့်အညီ ရောင်းချခဲ့ကြောင်း သိရသည်။
နမ့်ဆန်မြို့ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသားလူငယ်များအား စာတတ်မြောက်ခြင်း၊ စာဖတ်ရှိန်မြင့်မားခြင်းနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုဆောင်းပါးအား စာဖတ်ဝိုင်းပြုလုပ်
Sep 21,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ တွင် ယမန်နေ့ နေ့လည် (၂)နာရီက ဒို့ကျေးရွာဂျာနယ်  အတွဲ(၁၉)၊ အမှတ်(၁၇)   စာရေးသူ ယု(ဟီးရိုး)၏ စာတတ်မြောက်ခြင်း၊ စာဖတ်ရှိန်မြင့်မားခြင်းနှင့် နိုင်ငံဖွံဖြိုးမှုတိုးတက်မှုဆောင်းပါးအား စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
(၄၃)ကြိမ်မြောက် မုဒုံမြို့ မြို့လုံးဆိုင်ရာ ဆွမ်းဆန်တော်လှူဒါန်းပွဲ ရေစက်ချအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း တက်ရောက်
Sep 21,2022
မွန်ပြည်နယ် မုဒုံမြို့ မြို့နယ်လုံးဆိုင်ရာ (၄၃)ကြိမ်မြောက် ဆွမ်းဆန်တော်လှူဒါန်းပွဲ ရေစက်ချအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက မြို့မ(၄)ရပ်ကွက်ရှိ ဓမ္မရာဇိန် ဘုန်းကြီး ကျောင်း၌ ကျင်းပသည်။
အင်းစိန်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ
Sep 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ ပြည်သူများ လူကုန်ကူးမှုအန္တရာယ်အကြောင်း သိရှိနိုင်စေရန် ရည်ရွယ်၍  လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အမရပူရမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်ပြီး နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေ
Sep 21,2022
အမရပူရမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဌာနဆိုင်ရာများမှ အသိပညာပေးလုပ်ငန်းဆောင်ရွက်ပြီး နှာခေါင်းစည်း (၁,၀၀၀) ကို ယနေ့နံနက် ၈ နာရီခွဲအချိန်က စစ်ကိုင်း-မန္တလေးကားလမ်း မှန်တန်းနယ်မြေ နန်းတော်ရာစျေးအနီးတွင် အခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မလှိုင်မြို့နယ်၌  အားကစားနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 21,2022
မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ်၊  သာထွန်းအေး အ.ထ.က(ခွဲ)  ကျောင်းခန်းမ၌ယမန်နေ့မွန်းလွဲပိုင်းက အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။