လှိုင်းဘွဲ စက်တင်ဘာ ၂၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့၊ (ဃ)ရပ်ကွက်၊ ကုန်သည်လမ်း၊ စည်ပင်သာယာ မြို့မဈေးရှေ့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်မှုမရှိစေရေးအတွက် နေအိမ်ပြင်ပထွက်ခွာသွားလာကြသူများအနေဖြင့် နှာခေါင်းစည်း Mask တပ်ဆင်၍ သွားလာကြရန် အသိပညာပေးပြောကြားပေးခြင်းနှင့် Mask Campaign ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီ အချိန်က ဌာနဆိုင်ရာများ စုပေါင်းပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ Mask Campaign ဆောင်ရွက်ရာတွင် လှိုင်းဘွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းနှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူး သိန်းထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ စုပေါင်း၍ ခရီးသွားပြည်သူများ၊ ဈေးရောင်း/ဈေးဝယ်ကြသူများ၊ မော်တော်ယာဉ်မောင်းနှင်သူများ၊ မော်တော်ဆိုင်ကယ် စီးနှင်းကြသူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အတွက် နှာခေါင်းစည်း Mask (၁၅၀၀) ခုကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး တစ်ခါတည်း တပ်ဆင်စေရန် ပညာပေးစည်းရုံးခဲ့ကြကြောင်း သိရှိရသည်။
လင်းသန့်(ပြန်/ဆက်)