သတင်းများ

ဒဂုံမြောက်၌ ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေး လှုပ်ရှားမှုအနေဖြင့် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေ
Sep 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့ပေါ်လူစည်ကားရာနေရာများ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန် Mask တပ်ဆင်ထားခြင်းမရှိသူ လမ်းသွားလမ်းလာပြည်သူများအား
မြဝတီမြို့တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေ ယနေ့နံနက်ပိုင်းမှ စတင်ထုတ်ပေး
Sep 21,2022
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၇ နာရီက စတင်ထုတ်ပေးပြီဖြစ်ကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ်တွင် အမှတ်(၅)ရပ်ကွက်တွင် အခြေခံစားသောက်ကုန်များအား စျေးနှုန်းချိုသာစွာဖြင့် ပြည်သူများ လက်ဝယ်အရောက် နေ့စဉ်ရောင်းချပေး
Sep 21,2022
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ပုဇွန်တောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အမှတ်(၅)ရပ်ကွက်နေ ပြည်သူများအား အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် မည်သူမဆိုလွတ်လပ်စွာဝယ်ယူနိုင်ရန် ရည်ရွယ်ကာ ယမန်နေ့နံနက် ၈ နာရီက အမှတ်(၅)ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်းရှိ သမိုင်းဝင်စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီး၊ အောက်ကျောင်းဘုရာကြီးနှင့် မန်းစက်တော်ရာဘုရားကြီးအတွက် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနမှ လှူဒါန်းသော အလှူတော်ငွေလှူဒါန်းပွဲ ကျင်းပ
Sep 21,2022
မကွေးတိုင်းဒေသကြီးအတွင်းရှိ သမိုင်းဝင်စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီး၊ အောက်ကျောင်းဘုရာကြီးနှင့် မန်းစက်တော်ရာဘုရားကြီးအတွက် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနမှ လှူဒါန်းသော အလှူတော်ငွေလှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က တိုင်းဒေသကြီးသံဃနာယကအဖွဲ့ရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန် စာအုပ်၊စာစောင်များ ကွင်းဆင်းငှားရမ်းခြင်းဆောင်ရွက်
Sep 21,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဌာနဆိုင်ရာ ရုံးဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုမျာ အားလပ်ချိန်များတွင် အကျိုးရှိစွာအသုံးချတတ်စေရန်၊ စာပေဗဟုသုတများရရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ ၃ နာရီက ဌာနဆိုင်ရာရုံးများသို့ သွားရောက်၍ စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းဆောင်ရွက်ခဲ့သည်။
တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး Mask Campaign ပြုလုပ်
Sep 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်မိုး၏ ကြီးကြပ်မှုဖြင့်
စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးဝန်းအတွင်း မုံရွာမြို့နယ်ရှိ ကျေးရွာအသီးသီးမှ တောင်သူများအား ယူရီးယားဓါတ်မြေဩဇာ ဈေးနှုန်းချိုသာစွာဖြင့် စုပေါင်း‌ရောင်းချ
Sep 21,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးဝန်းအတွင်၌ ယူရီးယား ဓါတ်မြေဩဇာ စုပေါင်းရောင်းချပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ မုံရွာမြို့နယ် ကျေးရွာ (၁၀) ရွာမှ တောင်သူ (၂၁၂) ဦး ယူရီးယားဓါတ်မြေဩဇာ (၄၁၇) အိတ်အား တပျော်တပါး လာရောက် ဝယ်ယူလျက်ရှိကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ဆန်းဆန်းမြင့်ထံမှ သိရသည်။
နမ့်စန်တွင် အား/ကာကော်မတီဥက္ကဖလား ၂၃ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအတွက် ( Rehearsal) အစမ်းလေ့ကျင့်ဆောင်ရွက်
Sep 21,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ၂၀၂၂ ခုနှစ် အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား အသက်(၂၃)နှစ် အောက် ရပ်ကွက်နှင့်ကျေးရွာပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အစမ်းလေ့ကျင့်ခြင်း (Rehearsal) ကို ယမန်နေ့ ညနေ ၃ နာရီ က အထက(နမ့်စန်) ဘောလုံးကွင်းအတွင်း တွင် ဆောင်ရွက်ခဲ့သည်။