သတင်းများ

ကျောက်တန်းမြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများနှင့် စာသင်ကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး Mask Campaign  ဆောင်ရွက်
Sep 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက် ယနေ့နံနက် ၈ နာရီကစတင်ကာ Mask Campaign  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပင်လုံမြို့တွင် Sinovac(Coronavac) ကာကွယ်ဆေးထိုးနှံမှုများ ရာနှုန်းပြည့်ပြီးစီးရေး ဆက်လက်ထိုးနှံပေး
Sep 21,2022
ပင်လုံမြို့ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ယနေ့နံနက်(ဝ၉) နာရီအချိန်က အသက် ၁၈ နှစ် အထက် ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်မှ မထိုးနှံရသေးသူများနှင့် ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီး အပိုဆောင်းထပ်မံထိုးရန်ကျန်သူများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ၃ ကြိမ်ထိုးနှံပြီး (၆)လပြည့်ပြီးသူများအား Sinovac (Coronavac) ကာကွယ်ဆေးထိုးနှံမှုရာနှုန်းပြည့်ပြီးစီးရေး ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး Mask Campaign ပြုလုပ်
Sep 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ပြန်လည်ကူးစက် ပျံနှံ့လာမှုအား ကြိုတင်ကာကွယ်နိုင်စေရန်နှင့် နေအိမ်ပြင်ပသို့ သွားလာတိုင်း mask တပ်ဆင်သည့် အလေ့အကျင့်ရရှိစေရန် ရည်ရွယ်၍ Mask Campaignအဖြစ် ပါးစပ် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် (၁၀) နာရီက ဒေးဒရဲ- ဖျာပုံ- ရန်ကုန် ကားလမ်းမဆုံနှင့် လူစည်ကားရာနေရာများတွင် ပြုလုပ်ခဲ့သည်။
ဟင်္သာတမြို့နယ်တွင် သဘာဝရေပြင်အတွင်း ငါးမျိူးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ
Sep 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်၌ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ပခန်းရပ်ကွက်၊ ကမ်းနားကြီးဆိပ်ကမ်း၌ သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ပန်းတနော်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်စားများအား ပင်စင်လစာငွေများ ထုတ်ပေး
Sep 21,2022
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား အစိုးရဝန်ထမ်း ပင်စင်စားများအား ပင်စင်လစာငွေများ ထုတ်ပေးခြင်းကို စက်တင်ဘာ ၂၁ ရက်နေ့မှ စတင်၍ နံနက် ၈ နာရီ အချိန်တွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
လပွတ္တာမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ရေး Mask Campaign အရှိန်အဟုန်မြှင့် ဆောင်ရွက်
Sep 21,2022
ဧရာဝတီတိုင်းဒေသကြီး၊​ ​လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ဗီဇပြောင်း ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် နှာခေါင်းစည်း Mask Campaign ပြုလုပ်ခြင်းကို လူစည်ကားရာနေရာများတွင် ယ​နေ့နံနက် (၉)နာရီခွဲအချိန်က အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေး အသိပညာပေး Talk Show ဆွေးနွေးပွဲဆောင်ရွက်
Sep 21,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ ကလေးသူငယ်များအား ရရှိရထိုက်သော အခွင့်အရေးများနှင့်ပတ်သက်၍ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ငါန်းဇွန်မြို့နယ် ကျောက်တလုံးကျေးရွာ အ.ထ.က (ခွဲ) တွင် အသိပညာပေးဆွေးနွေးဟောပြောပွဲကျင်းပ
Sep 21,2022
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ကျောက်တလုံးကျေးရွာ အခြေခံပညာအထက်တန်း (ခွဲ) ကျောင်း၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား လူငယ်နှင့်ခေါင်းဆောင်ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပကြောင်း သိရသည်။