ငါန်းဇွန်မြို့နယ် ကျောက်တလုံးကျေးရွာ အ.ထ.က (ခွဲ) တွင် အသိပညာပေးဆွေးနွေးဟောပြောပွဲကျင်းပ

ငါန်းဇွန် စက်တင်ဘာ၂၁

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ကျောက်တလုံးကျေးရွာ အခြေခံပညာအထက်တန်း (ခွဲ) ကျောင်း၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား လူငယ်နှင့်ခေါင်းဆောင်ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးလှိုင်မိုးဟိန်းက အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကိုယ်လက်လှုပ်ရှားအားကစား အလေ့အကျင့်ကြောင့် ကျန်းမာရေး အတွက် အထောက်အကူဖြစ်စေသည့်အပြင် အသိဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အကူဖြစ်စေကြောင်း လူငယ်နှင့်ခေါင်းဆောင်ခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးဟောပြောပြီး ကျောင်းတွင်းအားကစားများ ဆောင်ရွက်နိုင်ရေးအတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ အထက်တန်းပြဆရာမတစ်ဦးမှ လက်ခံရယူခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)