လှိုင်းဘွဲ စက်တင်ဘာ ၂၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ ကလေးသူငယ်များအား ရရှိရထိုက်သော အခွင့်အရေးများနှင့်ပတ်သက်၍ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က ကလေးသူငယ်များ ရရှိရထိုက်သောအခွင့်အရေးများကို ပြည်သူများ သိရှိနိုင်စေရန် အတွက် အသိညာပေး Talk Show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး လှိုင်းဘွဲမြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့ဝင် ဒေါ်နန်းမြက အသက်(၁၈)နှစ် အောက် ကလေးငယ်များအား အလုပ်ခွင်မှစေခိုင်မှုမရှိစေရေး၊ ကလေးသူငယ်များ၏ အခွင့်အရေးနှင့်ရပိုင်ခွင့်၊ ကလေးသူငယ်များ၏ ပညာသင်ကြားခွင့်၊ အသက်ရှင်သန်ခွင့်၊ ကာကွယ်စောင့်ရှောက် ပိုင်ခွင့်နှင့် ပူးပေါင်းပါဝင်ခွင့်၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ပြဌာန်းချက်များ၊ ဥပဒေများ၊ နည်းဥပဒေများ၊ အရေးယူဆောင်ရွက်နိုင်သည့် ပြစ်မှုပြစ်ဒဏ်များ စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
စောဒိ(ပြန်/ဆက်)