သတင်းများ

ကျုံပျော်တွင် ရေခင်းပွဲတော်အကြောင်း သိကောင်းစရာ Talk Show ရိုက်ကူးထုတ်လွှင့်
Sep 21,2022
မြန်မာတို့၏ ၁၂ လ ရာသီပွဲတော်များ အနက်မှ တော်သလင်းလ၏ ထူးခြားသည့်ပွဲတော်ကျင်းပမှု အကြောင်းကို အများပြည်သူ သိရှိနိုင်စေရန်အတွက် ရေခင်းပွဲတော်အကြောင်း သိကောင်း စရာ Talk Show ရိုက်ကူး ထုတ်လွှင့်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၁၁ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကလေးဝမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Sep 21,2022
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ကလေးသူငယ်အခွင့်အရေးများအား ကာကွယ် ပေးရေး အားလုံးရပ်တည်ပေး၊ ကလေးအလုပ်သမား အဆုံးသတ်ဖို့ ယခုပင်လုပ်ဆောင်စို့ စသည့်ရည်ရွယ်ချက်များနှင့်အညီ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။
ကျိုက်ထိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး (Mask Compaign) ဆက်လက်ဆောင်ရွက်
Sep 21,2022
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းကာ စက်တင်ဘာ (၂၁)ရက်နံနက်ပိုင်းက ကျိုက်ထိုမြို့နယ်ရှိ လူစည်ကားရာနေရာဖြစ်သည့် ဈေးရှေ့တွင် Mask Campaign ဆောင်ရွက်ခြင်း အသိပညာပေးလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြသည်။
ကာလိမြို့ ဌာနဆိုင်ရာရုံးများသို့ Mobile Library စနစ်ဖြင့် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
Sep 21,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက် (၁၁)နာရီအချိန်ခန့်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ကာလိနယ်မြေရဲစခန်းသို့ Mobile Library စနစ်ဖြင့် နယ်လှည့် စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မိုင်းဆတ်မြို့၌  အလယ်တန်းအဆင့်ကျပန်းစကားပြောပြိုင်ပွဲကျင်းပ
Sep 21,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ အလယ်တန်းအဆင့်ကျပန်းစကား ပြောပြိုင်ပွဲကို ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သာပေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတတ်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အပတ်စဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အပတ်စဉ်လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။
မြစ်သားမြို့မင်းကုန်း (မူလွန်) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲနှင့်    နံရံကပ်စာစောင်များပြသ
Sep 21,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ ပြင်ပဗဟုသုတများသိရှိစေရန်၊ ဉာဏ်ပညာများ တိုးတက်လာစေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် (၁၀) နာရီက စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲနှင့် နံရံကပ်စ ာစောင်ပြပွဲပြသခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အ​ခြေခံရှေးဦးပြုစုခြင်းသင်တန်း (Basic First Aid Training) (၁/၂၀၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ ​
Sep 21,2022
မ​ကွေးတိုင်း​ဒေသကြီး၊ ချောက်ခရိုင်၊​ ချောက်မြို့နယ်တွင် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့‎​ရေနံနှင့် သဘာဝဓာတ်‎​ငွေ့လုပ်ငန်း ၊ ချောက်/လမ်းရွာ​ရေနံ​မြေနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသော Goldpetrol ကုမ္ပဏီနှင့် မြန်မာနိုင်ငံကြက်​ခြေနီအသင်း၊​ ချောက်မြို့နယ်ကြက်​ခြေနီအသင်းခွဲတို့ ပူး​ပေါင်းဖွင့်လှစ်​သော အ​ခြေခံရှေးဦးပြုစုခြင်းသင်တန်း (Basic First Aid Training) (၁/၂၀၂၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယ​နေ့နံနက် ၉ နာရီအချိန်က အမှတ် ၂ လုပ်သားများ အပန်းဖြေရိပ်သာ ​ချောက်ရေနံ​မြေ လုပ်ငန်းခွင်သင်တန်း​ကျောင်းခန်းမ၌ကျင်းပခဲ့သည်။