ပန်းတနော်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်စားများအား ပင်စင်လစာငွေများ ထုတ်ပေး

ပန်းတနော်  စက်တင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား အစိုးရဝန်ထမ်း ပင်စင်စားများအား ပင်စင်လစာငွေများ ထုတ်ပေးခြင်းကို စက်တင်ဘာ ၂၁ ရက်နေ့မှ စတင်၍ နံနက် ၈ နာရီ အချိန်တွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ပန်းတနော်မြို့နယ်အတွင်းရှိ ပင်စင်စားများ ပင်စင်လစာငွေများ လာရောက်ထုတ်ယူရာတွင် အဆင်ပြေစေရေးအတွက် စက်တင်ဘာလ (၂၁)ရက်မှ (၃၀)ရက်နေ့အထိ နေ့စဉ် နံနက် (၈)နာရီ မှ ညနေ (၃) နာရီအတွင်း ပင်စင်ငွေများကို ထုတ်ပေးလျက်ရှိသည်။ သတ်မှတ်ရက်များ၌  လာရောက်မထုတ်ယူနိုင်သော ပင်စင်စားများအား အောက်တိုဘာ လဆန်းပိုင်းတွင် ဘဏ်လုပ်ငန်းချိန်အတွင်း လာရောက်ထုတ်ယူနိုင်ပြီး ပန်းတနော်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသူ (၁၄၃၀)ဦးခန့်ရှိကြောင်း သိရသည်။

ပြည့်ဖြိုးကျော် (ပြန်/ဆက်)