လပွတ္တာမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ရေး Mask Campaign အရှိန်အဟုန်မြှင့် ဆောင်ရွက်

​လပွတ္တာ စက်တင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊​ ​လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ဗီဇပြောင်း ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် နှာခေါင်းစည်း Mask Campaign ပြုလုပ်ခြင်းကို လူစည်ကားရာနေရာများတွင် ယ​နေ့နံနက် (၉)နာရီခွဲအချိန်က အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

​ထိုသို့ဆောင်ရွက်ရာတွင် လပွတ္တာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ထွေ/အုပ်မှ ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးမှူးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လပွတ္တာမြို့၊ အမှတ်(၇)ရပ်ကွက်၊ သြဘာလမ်းထိပ်တွင် လည်းကောင်း၊ နန္ဒဝန်ဈေးတွင် လည်းကောင်း၊ အမှတ်(၁)ရပ်ကွက်၊ ပျံကျဈေးတွင်လည်းကောင်း၊ လမ်းသွား လမ်းလာပြည်သူများနှင့် ဈေးရောင်း စျေးဝယ်ကြသူများအား
ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် Mask Campaign အဖြစ် နှာခေါင်းစည်း Mask (၂၅၀၀)ခုအား အခမဲ့ ဖြန့်ဝေပေးပြီး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လပွတ္တာခရိုင်(ပြန်/ဆက်)